ကြက်မောက်ကျွန်းခရီးစဉ်

ဖေါ်ပြချက်

မြိတ်ကျွန်းစုမှ အသည်းနှလုံးပုံရှိကျွန်းနှင့်တခြားလှပသောကျွန်းများ

ဒီခရီးစဉ်လည်းပါဝင်သည်

- နယ်စပ်ဖြတ်သန်းခနှင့်တခြားဝင်ကြေးများ
- အသက်အာမခံကြေးနှင့်စပိဘုတ်ပို့ဆောင်ခများ
- ဒေသခံဧည့်လမ်းညွန်
- ခရီးစဉ်အတွင်း အသုံးပြုမည့် Snorkeling Equipments နှင့်Life Jacket(ငှါးရမ်းခြင်း)
- Grand Andaman Hotel တွင် ရေချိုးသန့်စင်ခြင်း
- နံနက်စာ(သရေစာ)၊နေ့လည်စာနှင့် ဘူဖေးညစာ
- မုန့်ပဲသရေစာနှင့် လတ်ဆတ်သောရာသီပေါ်သီးနှံများ

အဘယျသို့ရောက်စေဖို့

- အမျိုးသားမှတ်ပုံတင်(သို့)နိုင်ငံကူးလက်မှတ်၊ပတ်စ်ပို့
- ဘောင်ဘီတို၊တီရှပ်အပိုနှင့် ရေကူးဝတ်စုံ၊နေလောင်ခံဆီ
- ဦးထုပ်နှင့်နေကာမျက်မှန်
- ကင်မရာ(ရေအောက်ရိုက်ကူးနိုင်သော ကင်မရာပိုသင့်တော်ပါသည်)


ခရီးစဉ်

ကြက်မောက်ကျွန်း

  • ကော့သောင်းမြို့မတံတားတွင် လူစုပါမည်

  • အာဏာပိုင်များမှခွင့်ပြုချက်ရယူပြီး Grand Andaman Hotel မှစတင်ထွက်ခွာပါမည်။

  • ကြည်လင်ပြာလဲ့သော အက်ဒမန်ပင်လယ်ပြင်ရှိ ကျွန်းများကိုကြည့်ရူခံစားပြီး ခရီးစဉ်စတင်ပါသည်။

  • မြင်းခြေရာကဲ့သို့သဏ္ဍန်ရှိသောမြင်းခွာကျွန်းသို့ရောက်ရှိပြီးဖြူမွနေတဲ့
    သဲသောင်ပြင်ပေါ်မှာ ဆော့ကစားကြမယ်။

  • ကြက်မောက်ကျွန်းသို့ရောက်ရှိမည်ဖြစ်သည်။နေရောင်ခြည်အောက်တွင် " မြ"လိုအရောင်လက်နေသော အသည်းနှလုံးရေကန်ထဲသို့ ကျောက်နံရံအောက်ဂူပေါက်လေးမှတဆင့် စွန့်စားဝင်ရောက်ပြီး ခံစားကြည်နူးရမှာဖြစ်ပါသည်။

  • ဒန်ကင်းကျွန်း (သို့)တာဖုကျွန်းသို့ရောက်ရှိမည်ဖြစ်ပြီးပြီး နေ့လည်စာသုံးဆောင်ရမည်ဖြစ်ပါသည်။ ရှည်လျားတဲ့သဲသောင်ပြင်မှာ Snorkeling၊Swimming နှင့် တခြား Sea Activitiesတွေနှင့်ပျော်ရွင်ဆော့ကစားရမှဖြစ်ပါတယ်။

  • ဇာဒက်ကြီးကျွန်းသို့ရောက်ရှိမည်ဖြစ်ပါသည်။ရေအောက်သန္တာအလှအပများခံစားပျော်မြူးးကြမည်
    ဖြစ်ပါသည်။ကံထူးလျှင်နီမိုငါးလေးများနှင့် တွေ့ရပါမည်။

  • Snorkelingကိရိယာများပြန်လည်အပ်နှံပြီးဂရင်းအက်ဒမန်ဟိုတယ် သို့ပြန်လည်ထွက်ခွာမည်ဖြစ်ပါသည်။

  • ဟိုတယ်သို့ရောက်ရှိပြီး ရေချိုးခြင်း၊ရေကူးခြင်းများကိုအခမဲ့ပြုလုပ်နိုင် ပါမည်။(ရေကူးကန်သို့မ၀င်ရောက်ခင်ရေချိုးပေးပါ။)

  • ဟိုတယ်၏ ဗစ်တိုးရီးယားစာတော်ဆက်တွင်ဘူဖေးညစာသုံးဆောင် ရမည်ဖြစ်ပါသည်။

  • ဂရင်းအက်ဒမန်ဟိုတယ်မှ ကော့သောင်းမြို့မတံတားသို့ပြန်လည် ပို့ဆောင်မည်ဖြစ်ပါသည်။


အခှအနေ

ရာသီဥတုနှင့် ပင်လယ်ပြင်အခြေအနေကြောင့် ဦးစွာအသိပေးခြင်းမရှိပဲ ခရီးစဉ်ပြောင်းလဲ
ပြင်ဆင်မည်ဖြစ်ပါသည်။