Similan ကျွန်းခရီးစဉ်

ခရီးစဉ်

Ngu Islandမှာ Snorkel လုပ်မယ်
Similan ကျွန်းရဲ့ view point မှာ မမေ့နိုင်စရာရူခင်းလေးကြည့်ကြမယ်
Payu Island မှာ Snorkel လုပ်ပြီး ကြည်နူးကြမယ်
Miang Island မှာ ရှားပါးငှက်မျိုးစိတ်တွေကြည့်ကြမယ်

ဒီခရီးစဉ်လည်းပါဝင်သည်

- နယ်စပ်ဖြတ်သန်းခနှင့်တခြားဝင်ကြေးများ
- အသက်အာမခံကြေးနှင့်စပိဘုတ်ပို့ဆောင်ခများ
- ဒေသခံဧည့်လမ်းညွန်
- ခရီးစဉ်အတွင်း အသုံးပြုမည့် Snorkeling Equipments နှင့်Life Jacket(ငှါးရမ်းခြင်း)
- နံနက်စာ(သရေစာ)၊နေ့လည်စာ
- အအေးမုန့်ပဲသရေစာနှင့် လတ်ဆတ်သောရာသီပေါ်သီးနှံများ

အဘယျသို့ရောက်စေဖို့

- အမျိုးသားမှတ်ပုံတင်(သို့)နိုင်ငံကူးလက်မှတ်၊ပတ်စ်ပို့
- ဘောင်ဘီတို၊တီရှပ်အပိုနှင့် ရေကူးဝတ်စုံ၊နေလောင်ခံဆီ
- ဦးထုပ်နှင့်နေကာမျက်မှန်
- ကင်မရာ(ရေအောက်ရိုက်ကူးနိုင်သော ကင်မရာပိုသင့်တော်ပါသည်)


ခရီးစဉ်အသေးစိတ်

  • "Wow"Andaman မှကြိုဆိုပါတယ်။ဧည့်ကြိုချစ်စရာလေးကလိုက်ပါ
    ပို့ဆောင်မည့်ဧည့်လမ်းညွန်ကို မိတ်ဆက်ပေးပြီး ခရီးစဉ်
    အတွင်းအသုံးပြုရန် Snorkelling Equipment များထုတ်ပေး
    ပါမည်။နံနက်စာသုံးဆောင်ကြမည်။

  • ဧည့်လမ်းညွှန်မှ ယနေ့ခရီးစဉ်အတွက်အသေးစိတ်ရှင်းပြီး Similan
    အမျိုးသားဥယျာဉ်သို့ speed boat ဖြင့် စတင်ထွက်ခွာပါမည်။

  • Ngu Island(ကျွန်း ၉)တွင် ရပ်ပြီး Snorkel လုပ်ကြပါမည်။

  • Similan Island (ကျွန်း ၈)တွင် ဘူဖေးနေ့လည်စာ(သက်သတ်
    လွတ်အစားအစာများပါ ပါဝင်)သုံးဆောင်ကြမည်။ကျော်ကြားသည့်
    ကျောက်သားကျောက်စိုင်များတည်ရှိရာ "sailing boat rock"
    များဖြင့် အံ့အားသင့် ရင်ခုန်ရမည်ဖြစ်သည်။
    ရူခင်းရှိရာသို့ 10 မိနစ်ခန့်လျှောက်တက်လာပြီး
    အသက်ရှုမှားလောက်အောင်လှတဲ့ "Donald Duck"Bay ကို
    မြင်တွေ့ရမည်ဖြစ်သည်။

  • Payu Island(ကျွန်း ၇)တွင် Snorkel ပြုလုပ်ပြီး ငါးမျိုးစိတ်များ၊
    သန္တာများကြည့်ရှုကြရမည်ဖြစ်သည်။

  • Payu မှ ကမ်းခြေနှစ်ဖက် တဆက်တည်းဖြစ်နေသည့် Maing
    Island (ကျွန်း ၄)သို့ထွက်ခွာလာမည်ဖြစ်သည်။

  • Maing Island ရဲ့ထူးခြားချက်လေးတွေကတော့ flying fox,Nicobar Pigeon အစရှိတဲ့ ရှားပါးငှက်မျိုးစိတ်
    တွေကိုတွေ့ရမှာ ဖြစ်ပါသည်။

  • Similan ကျွန်းကို နုတ်ဆက်ခဲ့ပြီး "Wow"Andaman လှေဆိပ်သို့
    ဦးတည်ထွက်ခွာလာမည်ဖြစ်သည်။

  • အမှတ်တရပစ္စည်းများဝယ်ယူပြီး မိမိနေရပ်သို့ဘေးကင်စွာပြန်ရ
    မည်ဖြစ်ပါသည်။


အခြေအနေများ

ရာသီဥတုနှင့် ပင်လယ်ပြင်အခြေအနေကြောင့် ဦးစွာအသိပေးခြင်းမရှိပဲ ခရီးစဉ်ပြောင်းလဲ
ပြင်ဆင်မည်ဖြစ်ပါသည်။