လည်ရွဲလေးလုံးကျွန်း(ခေါ်) Cock Burn

ခရီးစဉ်

ကျွန်းသစ်တစ်ခုဖြစ်သော Cock Burn ကျွန်း(ခေါ်) လည်ရွဲလေးလုံးကျွန်းသည် ကျွန်းသည် ပြီးပြည့်စုံသောရ ဖြူဖွေးသော သဲသောင်ပြင်များရှိသည့် ကျွန်းအသေး ငါးကျွန်းဖြင့်ဖွဲ့စည်းထားသောကြောင့် ရှူခင်းများ View Point များကို ရောက်ရှိရင် စွန့်စွန့်စားစားဖြင့် ဓါတ်ပုံလှလှလေး ရိုက်နိုင်ပြီး၊ ရေငုပ်ခြင်း၊ ရေကူးခြင်းများ ပြုလုပ်နိုင်ပါသည်။

ဒီခရီးစဉ်လည်းပါဝင်သည်

- အဆင့်မြင့်စပီးဘုတ်ဖြင့် ကျွန်းကို တစ်နေ့လုံးလည်ပါတ်မည့်အစီအစဉ်
- အသက်အာမခံ
- ဒေသခံဧည့်လမ်းညွှန်
- အသက်ကယ်အင်္ကျီ၊ ရေငုပ်ကိရိယာများ
- နေ့လည်စာ တစ်နပ်

အဘယျသို့ရောက်စေဖို့

- နိုင်ငံသားမှတ်ပုံတင်(သို့) ပါစ်ပို့
- ရေကူးဝတ်ဆုံ၊ နေရောင်ကာကရင်(မ်)၊
- နေကာမျက်မှန်၊ ကင်မရာ( ရေစိုခံကင်မရာပိုသင့်တော်သည်)


ခရီးစဉ်အသေးစိတ်

လည်ရွဲလေးလုံးကျွန်း၊ ငလုံးလက်ဖယ်ကျွန်း

  • ကော့သောင်းမြို့မတံတားမှ စတင်ထွက်ခွာပါမည်။ လှေပေါ်တွင် အသက်ကယ်အင်္ကျီ၊ ရေကူးကိရိယာများ၊ သောက်ရေသန့်ဘူးများရရှိပါမည်။

  • ကျွန်းငါးကျွန်းဖြင့်ဖွဲ့စည်းထားသော လည်ရွဲလေးလုံးကျွန်း(ခေါ်) Cock Burn ကျွန်းသို့ေ၇ာက်ရှိပါမည်။ ရေငုပ်ခြင်း၊ ရေကူးခြင်း၊ တောင်ပေါ်သို့စွန့်စွန့်စားစားတက်ရောက်ပြီး ဓါတ်ပုံရိုက်ခြင်း၊ ကျွန်းအလှအပများခံစားနိုင်ပါသည်။

  • Reindeer Bay ကိုရောက်ရှိပါမည်။ လှပသော ရေအောက်သန္တာကျောက်တန်းများ၊ လှပသော ရောင်စုံခြယ်ငါးများကိုကြည့်ရှုခံစားနိုင်ပါသည်။

  • ပုလဲကျွန်း(ခေါ်) ငလုံးလက်ဖယ်ကျွန်းတွင် နေ့လည်စာသုံးဆောင်ပါမည်။ အိမ်သာ၊ ရေချိုးခန်းနှင့် ထမင်းစားဆောင်များရှိသဖြင့် အေးအေးဆေးဆေး အနားယူခြင်း၊ ဓါတ်ပုံရိုက်ခြင်း၊ ရေကစားခြင်းများပြုလုပ်နိုင်ပါသည်၊

  • Golden Bay သို့ရောက်ရှိပါမည်။ နေရောင်ခြည်ထိုးဖောက်ဝင်နိုင်သော ကြည်လင်ပြီးသန့်ရှင်းသည် စိမ်းပြာရောင် ရေပြင်တွင် ရေငုပ်ရင်း ရောင်စုံခြယ်ငါးများကို ကြည့်ရှုခံစားပါမည်။

  • မြန်မာပင်လည်ရဲ့ အလှဆုံး Snorkeling Side တစ်ခု ဖြစ်သော Little Rock ကိုရောက်ရှိပါမည်။ ထိုနေရာတွင် အလွန်သိပ်သည်းသော ရေအောက်သန္တာကျောက်တန်းများနှင့် ရေအောက်အလှအပ်များကို ကြည့်ရှုခံစားပါမည်။

  • ကော့သောင်းမြို့သို့ ပြန်လည်ထွက်ခွာပါမည်။


အခြေအနေများ

ရာသီဥတုနှင့် ပင်လယ်ပြင်အခြေအနေကြောင့် အသိပေးခြင်းမရှိပဲ ခရီးစဉ်အချို့ ပြောင်းလဲပြင်ဆင်မည်ဖြစ်ပါသည်။
မိမိလက်ချက်ဖြင့် ရေကူးကိုရိယာများပျောက်ဆုံးလျှင်
ရေငုပ်မျက်မှန်အတွက် 500 ဘတ်
အသက်ရှူပိုက်အတွက် 500 ဘတ် ပေးဆောင်ရပါမည်။