1 ညအိပ် 2 ရက်ခရီး(မြင်းခွာကျွန်း)

ခရီးစဉ်

ကြက်မောက်ကျွန်း၊ဒန်ကင်းကျွန်း၊မြင်းခွာကျွန်းနှင့် ဇာဒက်ကြီးကျွန်းလည်ပတ်ရင်း မြင်းခွာကျွန်းပေါ်တွင် တညတာအပန်းဖြေအိပ်စက်ရမည်ဖြစ်ပါသည်။

ဒီခရီးစဉ်လည်းပါဝင်သည်

- နယ်စပ်ဖြတ်သန်းခနှင့်တခြားဝင်ကြေးများ
-မြင်းခွာကျွန်းတွင် တညတာတည်းခိုခြင်း
- အာမခံကြေးနှင့်စပိဘုတ်ပို့ဆောင်ခများ
- ဒေသခံဧည့်လမ်းညွန်
- ခရီးစဉ်အတွင်း အသုံးပြုမည့် Snorkeling Equipments နှင့်Life Jacket(ငှါးရမ်းခြင်း)
- Grand Andaman Hotel တွင် ရေချိုးသန့်စင်ခြင်း
- နံနက်စာ ၂ ခါ(သရေစာ ၁ခါ နှင့်မြင်းခွာကျွန်းပေါ်တွင် ၁ခါ)၊ဘူဖေးနေ့လည်စာ၂ ခါ နှင့် ဘူဖေးညစာ ၂ ခါ(မြင်းခွာကျွန်းပေါ် ၁ ခါ၊ဂရင်းအက်ဒမန်ဟိုတယ်တွင် ၁ ခါ)
- မုန့်ပဲသရေစာနှင့် လတ်ဆတ်သောရာသီပေါ်သီးနှံများ

အဘယျသို့ရောက်စေဖို့

- အမျိုးသားမှတ်ပုံတင်(သို့)နိုင်ငံကူးလက်မှတ်၊ပတ်စ်ပို့
- ဘောင်ဘီတို၊တီရှပ်အပိုနှင့် ရေကူးဝတ်စုံ၊နေလောင်ခံဆီ
- ဦးထုပ်နှင့်နေကာမျက်မှန်
- ကင်မရာ(ရေအောက်ရိုက်ကူးနိုင်သော ကင်မရာပိုသင့်တော်ပါသည်)


ခရီးစဉ်အသေးစိတ်

  • ကော့သောင်းမြို့မတံတားတွင် လူစုပါမည်

  • အာဏာပိုင်များမှခွင့်ပြုချက်ရယူပြီး Grand Andaman Hotel မှစတင်ထွက်ခွာပါမည်။

  • ကြည်လင်ပြာလဲ့သော အက်ဒမန်ပင်လယ်ပြင်ရှိ ကျွန်းများကိုကြည့်ရူခံစားပြီး ခရီးစဉ်စတင်ပါသည်။

  • မြင်းခြေရာကဲ့သို့သဏ္ဍန်ရှိသောမြင်းခွာကျွန်းသို့ရောက်ရှိပြီးဖြူမွနေတဲ့သဲသောင်ပြင်ပေါ်မှာဆော့ကစားကြမယ်။

  • ကြက်မောက်ကျွန်းသို့ရောက်ရှိမည်ဖြစ်သည်။နေရောင်ခြည်အောက်တွင် မြကဲ့သို့ ရောင်လက်နေသော အသည်းနှလုံးရေကန်ထဲသို့ ကျောက်နံရံအောက် ဂူပေါက်လေးမှတဆင့် စွန့်စားဝင်ရောက်ပြီး ခံစားကြည်နူးရမှာဖြစ်ပါသည်။

  • ဒန်ကင်းကျွန်း (သို့)တာဖုကျွန်းသို့ရောက် ရှိမည်ဖြစ်ပြီး နေ့လည်စာသုံးဆောင်ရမည်ဖြစ်ပါသည်။ ရှည်လျားတဲ့သဲသောင်ပြင်မှာ Snorkeling၊Swimming နှင့် တခြား Sea Activitiesတွေနှင့်ပျော်ရွင်ဆော့ကစားရမှဖြစ်ပါတယ်။

  • ဇာဒက်ကြီးကျွန်းသို့ရောက်ရှိမည်ဖြစ်ပါသည်။ ရေအောက်သန္တာအလှအပများခံစားပျော်မြူးးကြမည်ဖြစ်ပါသည်။ကံထူးလျှင်နီမိုငါးလေးများနှင့် တွေ့ရပါမည်။

  • မြင်းခွာကျွန်းသို့ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

  • မြင်းခွာကျွန်း၏ ကမ်းခြေသောင်ပြင်တွင် ရေကူးခြင်း၊နေစာလှုံခြင်း
    နှင့် Sea Activities များဖြင့်ပျော်မြူးရမည်ဖြစ်ပါသည်။

  • ညနေဆည်းဆာအလှကိုခံစားရင်း ညစာသုံးဆောင်ရမည်ဖြစ်ပါသည်။

  • ကျွန်းပေါ်တွင် လွတ်လပ်သလို အပန်းဖြေနိုင်ပါသည်။
    (မနက် 6 နာရီမှ ညနေ 6နာရီထိ လျှပ်စစ်မီးရရှိပါမည်။)

  • မနက်စာသုံးဆောင်ကြရမည်။

  • Check out လုပ်ပြီး မိမိပစ္စည်းများကို အပ်နှံထားခဲ့ရပါမည်။

  • ကျွန်း၏ ကမ်းခြေတွင် ရေကူးခြင်း၊ရေငုပ်ခြင်းများပြုလုပ်နိုင်ပါသည်။

  • နေ့လည်စာသုံးဆောင်ကြရမည်ဖြစ်ပါသည်။

  • အပန်းဖြေပြီး လွတ်လပ်စွာနေထိုင်ရမည်ဖြစ်သည်။

  • Snorkeling Equipment များကိုပြန်လည်အပ်နှံပြီး ဂရင်းအက်ဒမန်
    ဟိုတယ်သို့ပြန်လည်ထွက်ခွာလာမည်ဖြစ်သည်။

  • ဟိုတယ်သို့ရောက်ရှိပြီး ရေချိုးခြင်း၊ရေကူးခြင်းများကိုအခမဲ့ပြုလုပ်နိုင် ပါမည်။(ရေကူးကန်သို့မ၀င်ရောက်ခင် ကိုယ်လက်သန့်စင်ပေးပါ။)

  • ဟိုတယ်၏ ဗစ်တိုးရီးယားစာတော်ဆက်တွင်ဘူဖေးညစာသုံးဆောင် ရမည်ဖြစ်ပါသည်။

  • ဂရင်းအက်ဒမန်ဟိုတယ်မှ ကော့သောင်းမြို့မတံတားသို့ပြန်လည် ပို့ဆောင်မည်ဖြစ်ပါသည်။


အခြေအနေများ

ရာသီဥတုနှင့် ပင်လယ်ပြင်အခြေအနေကြောင့် ဦးစွာအသိပေးခြင်းမရှိပဲ ခရီးစဉ်ပြောင်းလဲ
ပြင်ဆင်မည်ဖြစ်ပါသည်။