ရနောင်းမြို့ပတ်နှင့်ဖောင်စီးခရီးစဉ်

ခရီးစဉ်

ရနောင်းငေါင့်ဘုန်းကြီးကျောင်းမှာ ဘုရားဖူး၊ငါးစာကျွေးကြမယ်။
ရနောင်းမိကျောင်းမွေးကန်ကို သွားလည်ကြမယ်။
ရနောင်းအမျိုးသားဥယျဉ်မှာ ဖောင်စီးကြမယ်။

ဒီခရီးစဉ်လည်းပါဝင်သည်

-ပဲ့ချိတ်ခနှင့်ဖောင်စီးခများ
-ဒေသခံဧည့်လမ်းညွန်
-အသက်ကယ်အကျီ(ငှားရမ်းခြင်း)
-အာမခံကြေး
-နေ့လည်စာ
-မုန့်ပဲသရေစာနှင့်လတ်ဆတ်သောရာသီပေါ်သီးနှံများ

အဘယျသို့ရောက်စေဖို့

-ဘောင်းဘီတို၊တီရှပ်အပို၊ရေကူးဝတ်စုံ၊နေလောင်ခံဆီ
-ဦးထုပ်နှင့်နေကာမျက်မှန်
-ကင်မရာ(ရေအောက်သုံးကင်မရာပိုသင့်တော်ပါသည်။)


ခရီးစဉ်အသေးစိတ်

  • ရနောင်းဟိုတယ်မှ လာရောက်ကြိုဆိုပါမည်။

  • ငေါင့်ဘုန်းကြီးကျောင်းသို့ရောက်ရှိပြီး "Luang Pho Dibuk "ဘွဲ့တော်ရ ဘုရားဆင်းတုတော်ကြီးကို ဖူးတွေ့ရမည်ဖြစ်ပါသည်။

  • မိကျောင်းမွေးကန်သို့ရောက်ရှိပြီး မိကျောင်းများအစာကျွေးပုံ၊အဆင့် ဆင့်မွေးမြူပုံကို လေ့လာရမည်ဖြစ်သည်။

  • Muang Kluang Learning Center သို့ရောက်ရှိပြီး အမျိုးသားဥယျာဉ်တွင်း လည်ပတ်မည့်အစီအစဉ်အသေးစိတ်ကို ရှင်းပြမည်ဖြစ်ပါသည်။ရိုးရာပဲ့ချိတ်များစီးပြီး ဒီရေတောတန်အလှကိုခံစားကြမည်ဖြစ်သည်။

  • ဒေသခံရေပေါ်အိမ်လေးမှာ နေ့လည်စာစားရင်း ရူခင်းလှလှဖြင့် အပန်းဖြေရမည်ဖြစ်သည်။

  • Ladnod canal ရဲ့သဘာဝအလှကိုခံစားရင်း ဖောင်စီးကာ
    ရကူးခြင်း၊ရေထဲသို့ဒိုင်ဗင်ထိုးခြင်းများဖြင့်ပျော်ကြရမည်ဖြစ်သည်။ နောက်ဆုံးတွင် ဒီရေပင်ပေါက်လေးများစိုက်ပျိုးပေးခြင်းဖြင့် သဘာဝကို အကျိုးပြုပေးရမည်ဖြစ်သည်။

  • Muang Kluang Learning Centerသို့ပြန်လည်ရောက်ရှိပြီး ကိုယ်လက်သန့်စင်ခြင်း၊မုန့်ပဲသရေစာနှင့်အအေးသုံးဆောင်ခြင်းပြုလုပ်ရမည်ဖြစ်သည်။

  • တည်းခိုရာနေရာသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။


အခြေအနေများ

ရာသီဥတုနှင့် ပင်လယ်ပြင်အခြေအနေကြောင့် ဦးစွာအသိပေးခြင်းမရှိပဲ ခရီးစဉ်ပြောင်းလဲ
ပြင်ဆင်မည်ဖြစ်ပါသည်။