ကြက်မောက်ကျွန်းနှင့် ကော့သောင်းမြို့ပတ်ခြင်း 1 ညအိပ် 2 ရက်ခရီးစဉ်

ဖေါ်ပြချက်

ကြက်မောက်ကျွန်း၊ဒန်ကင်းကျွန်း၊မြင်းခွာကျွန်းနှင့် ဇာဒက်ကြီးကျွန်းတို့ရဲ့အလှအပတွေကို
ခံစားရင်း ကော့သောင်းမြို့လည်ကြမယ်။

ဒီခရီးစဉ်လည်းပါဝင်သည်

- နယ်စပ်ဖြတ်သန်းခနှင့်တခြားဝင်ကြေးများ
-Grand Andaman Hotel တွင်တညတည်းခိုခြင်း
-ကော့သောင်းမြို့ကိုလည်ပတ်ခြင်းနှင့်ဝင်ကြေး၊အဖိုးအခများ
- အာမခံကြေးနှင့်စပိဘုတ်ပို့ဆောင်ခများ
-မနက်စာ 2 နပ်၊နေ့လည်စာ 2နပ်နှင့် ဘူဖေးညစာ 1 နပ်
- ဒေသခံဧည့်လမ်းညွန်
- ခရီးစဉ်အတွင်း အသုံးပြုမည့် Snorkeling Equipments နှင့်Life Jacket(ငှါးရမ်းခြင်း)

အဘယျသို့ရောက်စေဖို့

- အမျိုးသားမှတ်ပုံတင်(သို့)နိုင်ငံကူးလက်မှတ်၊ပတ်စ်ပို့
- ဘောင်ဘီတို၊တီရှပ်အပိုနှင့် ရေကူးဝတ်စုံ၊နေလောင်ခံဆီ
- ဦးထုပ်နှင့်နေကာမျက်မှန်
- ကင်မရာ(ရေအောက်ရိုက်ကူးနိုင်သော ကင်မရာပိုသင့်တော်ပါသည်)


ခရီးစဉ်

  • ကော့သောင်းမြို့မတံတားတွင် လူစုပါမည်

  • အာဏာပိုင်များမှခွင့်ပြုချက်ရယူပြီး Grand Andaman Hotel မှစတင်ထွက်ခွာပါမည်။

  • ကြည်လင်ပြာလဲ့သော အက်ဒမန်ပင်လယ်ပြင်ရှိ ကျွန်းများကိုကြည့်ရူခံစားပြီး ခရီးစဉ်စတင်ပါသည်။

  • မြင်းခြေရာကဲ့သို့သဏ္ဍန်ရှိသောမြင်းခွာကျွန်းသို့ရောက်ရှိပြီးဖြူမွနေတဲ့သဲသောင်ပြင်ပေါ်မှာဆော့ကစားကြမယ်။

  • ကြက်မောက်ကျွန်းသို့ရောက်ရှိမည်ဖြစ်သည်။နေရောင်ခြည်အောက်တွင် မြကဲ့သို့ ရောင်လက်နေသော အသည်းနှလုံးရေကန်ထဲသို့ ကျောက်နံရံအောက် ဂူပေါက်လေးမှတဆင့် စွန့်စားဝင်ရောက်ပြီး ခံစားကြည်နူးရမှာဖြစ်ပါသည်။

  • ဒန်ကင်းကျွန်း (သို့)တာဖုကျွန်းသို့ရောက် ရှိမည်ဖြစ်ပြီး နေ့လည်စာသုံးဆောင်ရမည်ဖြစ်ပါသည်။ ရှည်လျားတဲ့သဲသောင်ပြင်မှာ Snorkeling၊Swimming နှင့် တခြား Sea Activitiesတွေနှင့်ပျော်ရွင်ဆော့ကစားရမှဖြစ်ပါတယ်။

  • ဇာဒက်ကြီးကျွန်းသို့ရောက်ရှိမည်ဖြစ်ပါသည်။ ရေအောက်သန္တာအလှအပများခံစားပျော်မြူးးကြမည်ဖြစ်ပါသည်။ကံထူးလျှင်နီမိုငါးလေးများနှင့် တွေ့ရပါမည်။

  • Snorkeling Equipment များကိုပြန်လည်အပ်နှံပြီး ဂရင်းအက်ဒမန်
    ဟိုတယ်သို့ပြန်လည်ထွက်ခွာလာမည်ဖြစ်သည်။

  • ဟိုတယ်သို့ရောက်ရှိပြီး ရေချိုးခြင်း၊ရေကူးခြင်းများကိုအခမဲ့ပြုလုပ်နိုင် ပါမည်။(ရေကူးကန်သို့မ၀င်ရောက်ခင်ကိုယ်လက်သန့်စင်ပေးပါ။)

  • ဟိုတယ်၏ ဗစ်တိုးရီးယားစာတော်ဆက်တွင်ဘူဖေးညစာသုံးဆောင် ရမည်ဖြစ်ပါသည်။

  • လွတ်လပ်စွာအပန်းဖြေနေနိုင်ပါပြီ။

  • Grand Andaman Hotel ၏ Victoria စားတော်ဆက်တွင် မနက်စာသုံးဆောင်ရပါမည်။

  • Grand Andaman မှထွက်ခွာလာပြီး ကော့သောင်းမြို့မတံတားသို့
    ဆိုက်ရောက်ပါမည်။ကော့သောင်းမြို့၏ အထင်ကရနေရာများဖြစ်
    သော ဘုရင့်နောင်ရုပ်ထုပန်းခြံ၊ပြည်တော်အေးစေတီတော်နှင့်
    ကော့သောင်းမြို့မဈေးတို့ကိုလည်ပတ်ရင်း အမှတ်တရပစ္စည်း
    များ ၀ယ်ယူနိုင်ပါသည်။

  • မိမိမူလတည်းခိုရာသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။


အခှအနေ