ကြက်မောက်ကျွန်း၊ရနောင်းမြို့ပတ်နှင့်ရနောင်းဖောင်စီးခြင်း ခရီးစဉ်(2 ညအိပ် 3ရက်ခရီးစဉ်)

ဖေါ်ပြချက်

ကြက်မောက်ကျွန်း၊မြင်းခွာကျွန်း၊ဒန်ကင်းကျွန်းနှင့် ဇာဒက်ကြီးကျွန်းတွေကိုလည်ပတ်မယ်။
ရနောင်းမြို့မိကျောင်းကန်ကိုသွားလေ့လာကြမယ်။
ဒီရေတောတန်းမှာဖောင်စီးရင်း ပျော်မြူးကြမယ်။

ဒီခရီးစဉ်လည်းပါဝင်သည်

-Tinidee Hotel တွင် နှစ်ညတာ တည်းခိုခြင်း
- နယ်စပ်ဖြတ်သန်းခနှင့်တခြားဝင်ကြေးများ
-ရနောင်းမြို့လည်ပတ်ခြင်းလည်ပတ်ခြင်းနှင့်ဝင်ကြေး၊အဖိုးအခများ
- အာမခံကြေးနှင့်စပိဘုတ်ပို့ဆောင်ခများ
-မနက်စာ 3နပ်၊နေ့လည်စာ 2နပ်နှင့် ညစာ 1 နပ်
- ဒေသခံဧည့်လမ်းညွန်
- ခရီးစဉ်အတွင်း အသုံးပြုမည့် Snorkeling Equipments နှင့်Life Jacket(ငှါးရမ်းခြင်း)

အဘယျသို့ရောက်စေဖို့

- အမျိုးသားမှတ်ပုံတင်(သို့)နိုင်ငံကူးလက်မှတ်၊ပတ်စ်ပို့
- ဘောင်ဘီတို၊တီရှပ်အပိုနှင့် ရေကူးဝတ်စုံ၊နေလောင်ခံဆီ
- ဦးထုပ်နှင့်နေကာမျက်မှန်
- ကင်မရာ(ရေအောက်ရိုက်ကူးနိုင်သော ကင်မရာပိုသင့်တော်ပါသည်)


ခရီးစဉ်

  • ရနောင်းTinidee Hotel တွင် Check-in လုပ်ပါမည်။

  • Tinidee ဟိုတယ်မှ စတင်ထွက်ခွာလာပါမည်။

  • ရနောင်း အက်ဒမန်ဆိပ်ကမ်းသို့ရောက်ရှိပြီး နယ်စပ်ဖြတ်သန်းခွင့်
    များကိုပြုလုပ်ပါမည်။

  • အက်ဒမန်ဆိပ်ကမ်းမှထွက်ခွာလာပြီးမြန်မာလူဝင်မှုကြီးကြပ်ရေး
    လုပ်ဆောင်မည်ဖြစ်ပါသည်။

  • ကြည်လင်ပြာလဲ့သော အက်ဒမန်ပင်လယ်ပြင်ရှိ ကျွန်းများကိုကြည့်ရူခံစားပြီး ခရီးစဉ်စတင်ပါသည်။

  • မြင်းခြေရာကဲ့သို့သဏ္ဍန်ရှိသောမြင်းခွာကျွန်းသို့ရောက်ရှိပြီးဖြူမွနေတဲ့
    သဲသောင်ပြင်ပေါ်မှာ ဆော့ကစားကြမယ်။

  • ကြက်မောက်ကျွန်းသို့ရောက်ရှိမည်ဖြစ်သည်။နေရောင်ခြည်အောက်တွင် " မြ"လိုအရောင်လက်နေသော အသည်းနှလုံးရေကန်ထဲသို့ ကျောက်နံရံအောက်ဂူပေါက်လေးမှတဆင့် စွန့်စားဝင်ရောက်ပြီး ခံစားကြည်နူးရမှာဖြစ်ပါသည်။

  • ဒန်ကင်းကျွန်း (သို့)တာဖုကျွန်းသို့ရောက်ရှိမည်ဖြစ်ပြီးပြီး နေ့လည်စာသုံးဆောင်ရမည်ဖြစ်ပါသည်။ ရှည်လျားတဲ့သဲသောင်ပြင်မှာ Snorkeling၊Swimming နှင့် တခြား Sea Activitiesတွေနှင့်ပျော်ရွင်ဆော့ကစားရမှဖြစ်ပါတယ်။

  • ဇာဒက်ကြီးကျွန်းသို့ရောက်ရှိမည်ဖြစ်ပါသည်။ရေအောက်သန္တာအလှအပများခံစားပျော်မြူးးကြမည်
    ဖြစ်ပါသည်။ကံထူးလျှင်နီမိုငါးလေးများနှင့် တွေ့ရပါမည်။

  • Snorkelingကိရိယာများပြန်လည်အပ်နှံပြီးဂရင်းအက်ဒမန်ဟိုတယ် သို့ပြန်လည်ထွက်ခွာမည်ဖြစ်ပါသည်။

  • ဟိုတယ်သို့ရောက်ရှိပြီး ရေချိုးခြင်း၊ရေကူးခြင်းများကိုအခမဲ့ပြုလုပ်နိုင် ပါမည်။(ရေကူးကန်သို့မ၀င်ရောက်ခင်ရေချိုးပေးပါ။)

  • ဟိုတယ်၏ ဗစ်တိုးရီးယားစာတော်ဆက်တွင်ဘူဖေးညစာသုံးဆောင် ရမည်ဖြစ်ပါသည်။

  • အက်ဒမန်ဆိပ်ကမ်းမှတဆင့် Tinidee Hotel သို့ပြန်လည်ရောက်
    ရှိမည်ဖြစ်ပါသည်။

  • Tinidee Hotel မှစတင်ထွက်ခွာပါမည်။

  • ငေါင့်ဘုန်းကြီးကျောင်းသို့ရောက်ရှိပြီး "Luang Pho Dibuk "ဘွဲ့တော်ရ ဘုရားဆင်းတုတော်ကြီးကို ဖူးတွေ့ရမည်ဖြစ်ပါသည်။

  • မိကျောင်းမွေးကန်သို့ရောက်ရှိပြီး မိကျောင်းများအစာကျွေးပုံ၊အဆင့် ဆင့်မွေးမြူပုံကို လေ့လာရမည်ဖြစ်သည်။

  • Muang Kluang Learning Center သို့ရောက်ရှိပြီး အမျိုးသားဥယျာဉ်တွင်း လည်ပတ်မည့်အစီအစဉ်အသေးစိတ်ကို ရှင်းပြမည်ဖြစ်ပါသည်။ရိုးရာပဲ့ချိတ်များစီးပြီး ဒီရေတောတန်အလှကိုခံစားကြမည်ဖြစ်သည်။

  • ဒေသခံရေပေါ်အိမ်လေးမှာ နေ့လည်စာစားရင်း ရူခင်းလှလှဖြင့် အပန်းဖြေရမည်ဖြစ်သည်။

  • Ladnod canal ရဲ့သဘာဝအလှကိုခံစားရင်း ဖောင်စီးကာ
    ရကူးခြင်း၊ရေထဲသို့ဒိုင်ဗင်ထိုးခြင်းများဖြင့်ပျော်ကြရမည်ဖြစ်သည်။ နောက်ဆုံးတွင် ဒီရေပင်ပေါက်လေးများစိုက်ပျိုးပေးခြင်းဖြင့် သဘာဝကို အကျိုးပြုပေးရမည်ဖြစ်သည်။

  • Muang Kluang Learning Centerသို့ပြန်လည်ရောက်ရှိပြီး ကိုယ်လက်သန့်စင်ခြင်း၊မုန့်ပဲသရေစာနှင့်အအေးသုံးဆောင်ခြင်းပြုလုပ်ရမည်ဖြစ်သည်။

  • တည်းခိုရာနေရာသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။


အခှအနေ